Menu
Your Cart

Lucky Draw Promotion


ပိုကံစမ်းဖို့ ပိုပိုဝယ်ယူ ကံစမ်းမဲ အစီအစဉ်


mBuyyနှင့်အတူစျေးဝယ်ထွက်ခြင်းဖြင့် order တစ်ခုတွင်ကျပ် (၅၀၀၀၀) ဝယ်ယူထားပါက ကံစမ်းခွင့်တစ်ကြိမ်ရရှိမည်ဖြစ်သည်။


ကံစမ်းမဲကာလ - ၂၀၂၁ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်နေ့အထိ



စည်းကမ်းသတ်မှတ်ချက်တွေကတော့

  1. ပိုကံစမ်းဖို့ ပိုပိုဝယ်ယူ ကံစမ်းမဲ ကာလသည် ၂၀၂၁ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်သည်။
  2. Customers တွေအားလုံး ပိုကံစမ်းဖို့ ပိုပိုဝယ်ယူ ကံစမ်းမဲ အစီအစဉ်တွင်ပါဝင်ခွင့်ရှိသည်။
  3. Order တစ်ခုတွင် ကျပ် (၅၀၀၀၀)ဝယ်ယူထားပါက ကံစမ်းခွင့်တစ်ကြိမ်ရရှိမည်ဖြစ်သည်။ order တစ်ခုတွင်အနည်းဆုံးမည်မျှဝယ်ယူရမည်ဟုသတ်မှတ်ထားခြင်းမရှိပါ။
  4. ( ဥပမာအားဖြင့် - ကျပ်(၇၀၀၀၀) ဖိုးဝယ်ယူထားပါက ကံစမ်းခွင့်တစ်ကြိမ်ရရှိမည်ဖြစ်ပြီး ကျပ် (၃၂၀၀၀၀)ဖိုးဝယ်ယူထားပါက ခြောက်ကြိမ်ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။)
  5. mBuyy.com တွင် order အတွက်ငွေပေးချေပြီးသည့်နောက်ကံစမ်းမဲအကြိမ်အရေအတွက်ကိုအလိုအလျောက်ထည့်သွင်းပေးသွားမည်ဖြစ်သည်။
  6. ကံထူးရှင်များကို mBuyy.com ရဲ့ Facebook Page တွင် ဧပြီလ၂၀၂၁ မှာကြေညာပေးသွားမည်ဖြစ်သည်။ ရက်အတိအကျကိုလည်းထပ်မံကြေညာပေးသွားမည်ဖြစ်သည်။
  7. mBuyy.com ကံစမ်းမဲအစီအစဉ်၏ထောက်ခံချက်အဖြစ် ဓာတ်ပုံများကို winners များနှင့်အတူရိုက်ကူးမည်ဖြစ်သည်။ Winners များသည်၎င်းတို့၏ဓာတ်ပုံများကို mBuyy.com Facebook Page တွင်တင်ရန်ခွင့်ပြုရမည်ဖြစ်သည်။
  8. mBuyy.com ၀န်ထမ်းများသည်အကောင့်အချက်အလက်တောင်းခံရန်အတွက်ကံစမ်းမဲတွင်ပါ၀ င်သူများနှင့်ဆက်သွယ်မည်မဟုတ်ပါ။
  9. mBuyy.com မှဝန်ထမ်းများသည် ဤကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
  10. mBuyy.com ၏ကံစမ်းမဲအစီအစဉ်တွင် customers များမသမာနည်း ဖြင့်ပြုလုပ်ထားပါက mBuyy မှသံသယရှိသူမည်သူမဆိုဖျက်သိမ်းပိုင်ခွင့်ရှိသည်။
  11. ဆုအားလုံးကို လွှဲပြောင်းခြင်း သို့မဟုတ် ငွေသားဖြင့်လဲလှယ်ခြင်းများကိုပြုလုပ်ခွင့်ရရှိမည်မဟုတ်ပါ။
  12. အငြင်းပွါးဖွယ်ရာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက mBuyy ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။
  13. တစ်ဖက်သတ်ဖျက်သိမ်းခြင်းနှင့် (သို့မဟုတ်) ဤစည်းကမ်းချက်များနှင့်အခြေအနေများကိုပြောင်းလဲခြင်းတို့ကြောင့် winners များသည်မည်သည့်လျော်ကြေးကိုမှခံစားခွင့်မရှိပါ။
  14. mBuyy.com သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။
  15. mBuyy.com ၏ပုံမှန်စည်းမျဉ်းစည်းကမ်းများအားလုံးသည်အကျုံးဝင်သည်။
  16. ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ ကအစိုးရပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
  17. ဆုများကို ၁ လ အတွင်း ထုတ်ယူမှသာ အကျုံးဝင်မည်ဖြစ်သည်။